ရှာဖွေခြင်း
ကျွန်မ၏ခင်ပွန်းဖြစ်သူ ကားလ်သည် ကျွန်မကို ပိုးပန်းစဉ်က ကျွန်မနှင့်ချိန်းပြီး ရင်းနှီးအောင် လုပ် သည်။ သူက အလေးအနက်ထား၍ လုပ်ဆောင်သည်။ ဖုန်းဆက်သည်။ စာတိုကလေးများ ရေးသည်။ စဉ်းစားစရာ မေးခွန်းများ မေးသည်။ ပန်း၊ သကြားလုံး၊ စာအုပ်နှင့် အခြားလက်ဆောင်များ ယူခဲ့သည်။ ညစာ အတူစားကြသည်။ အချိန်များစွာ အကုန်ခံပြီး ကြိုးစား၍ ကျွန်မကို ပိုးပန်းပြီး ရယူခဲ့ပါသည်။
လွန်လေသော ၁၀ ရာစုခေတ်က ရှောလမုန်မင်းကြီးကလည်း မိမိလိုချင်သောအရာကို ရယူရန် ထိုသို့အလေးအနက်ထား ကြိုးစားရမည်ဟု ဆိုထားပါသည်။ ဥာဏ်ပညာကို ရယူရန် ဆိုလိုပါသည်။ ဥာဏ်ပညာ၏ အဓိပ္ပာယ် ဖွင့်ဆို သတ်မှတ်ချက်မှာ “မှန်ကန်သော၊ စစ်မှန်သော၊ တည်မြဲသော နားလည်မှု အသိ”ဟူ၍ ဖြစ်သည်။ သန့်ရှင်းတော်မူသော ဘုရားသခင်ကို ဘုန်းထင်ရှားစေလိုပါက ထိုအသိဥာဏ် ပညာကို ကျွန်ုပ်တို့ မရှိမဖြစ် လိုအပ်ပါသည်။…
အရေးမပါသကဲ့သို့ ဟာသမလုပ်လိုက်ပါနှင့်
အလက်စကား မြောက်ပိုင်း ရေခဲနေသော လမ်းမကြီးများပေါ်တွင် ထရပ်ကားကြီး မောင်းပြီး ခရီးသွားရသူများအဖို့ ပျော်ပျော်နေတတ်ရန် လိုအပ်သည်။ ယာဉ်မောင်းတစ်ဦးဖြစ်သူ အဲလက်စ်၏ ကျယ်လောင်စွာ ရယ်မောသံကို အခြားယာဉ်မောင်းတစ်ဦးက ထရပ်ကား တစ်စီးနှင့်တစ်စီး ဆက်သွယ်ရေး စနစ်မှတစ်ဆင့် ကြားရသောအခါ သူစိတ်တိုမိပါသည်။ ထို့ကြောင့် သူက အဲလက်စ် ကျယ်လောင် ဆူညံစွာ အော်ဟစ် ရယ်မောခြင်းကို ကဲ့ရဲ့မိသည်။
မကြာမီအချိန်အတွင်း သူ၏ထရပ်ကားကြီးမှာ ချိုင့်ထဲထိုးကျသွားပြီး ကားဘီးဝင်ရိုးအထိ နှင်းထဲ နစ်သွားသည်။ လူပြတ်သောလမ်းမကြီးပေါ်၌ မည်သူရောက်လာပြီး သူ့အဖြစ်ကို မြင်တွေ့ပါသနည်း။ အဲလက်စ်ပင်ဖြစ်ပါသည်။
သင်ဆိုလျှင် ဘာလုပ်မည်နည်း။ အားရပါးရ ရယ်မောပြီး ဒုကရောက်နေသူကို ကျော်ပြီး ဆက်မောင်းသွားမည်လား။ အဲလက်စ် ထိုသို့မပြုပါ။ သူ့ကားကိုရပ်ပြီး နာရီ အတော်ကြာကြာ နှင်းထုကြီး ထဲမှ သူ့ကိုဝေဖန်သူအား တူးထုတ်ရပါသည်။ အားလုံး ပြီးသွားသောအခါ သူက “ကျွန်တော်တို့ကြားက အဆင်မပြေမှုလေးကို…
ပြန်လည်ဆင်ခြင်
ကျွန်တော်၏ ၀ိညာဉ်ရေးနှင့်ပတ်သက်၍ မှတ်စုရေးမှတ်သည့် အလေ့အထကို စတင်ခဲ့သည်မှာ အနှစ် ၂၀ ကျော်လာခဲ့ပါပြီ။ အရင်က ရေးမှတ်ထားသည် များကို ပြန်ဖတ်သော အခါ ရေးခဲ့သောအရာများ က အံ့သြစရာပါ။ ယခုအချိန်၌ ငွေပေး၍မရေးနှင့် ဆိုလျှင်တောင်မှ ကျွန်တော့်ကို တားမရပါ။
မှတ်စုရေးခြင်းဖြင့် ကျွန်ုပ် အကျိုးကျေးဇူးများ ရရှိခဲ့သည်။ အသက်တာ၏ အတွေ့အကြုံများမှ တိုးတက်မှုနှင့်ကျဆင်းမှု နှစ်မျိုးစလုံးကို ဘ၀ခရီး၏ တစ်စိတ်တစ်ပိုင်းအဖြစ် နားလည် သိမြင်လာရသည်။ ပြဿနာ ကြီးကြီးမားမားကြုံရစဉ် ဘုရားသခင် ကူညီ ဖြေရှင်း ပေးသည့်အကြောင်း ပြန်ဖတ်ရချိန်၌ ဘုရား သခင်၏ ကျေးဇူးပြုခြင်းကို အမှတ်ရစေသည်။ အတိတ်မှ ရုန်းကန်ခဲ့ရခြင်းများက လက်ရှိကြုံရသောအမှု များအတွက် အထောက်အကူပြုသည့် အသိတရားအမြင်ကို ရရှိစေ၏။ အရေးအကြီးဆုံးမှာ မှတ်စု ရေးခြင်းက ကျွန်ုပ်အသက်တာ၌ ဘုရားသခင်သည် မည်ကဲ့သို့သစ္စာရှိစွာ အလုပ် လုပ်နေကြောင်းကို ထောက်ပြ…
တင်ဆက်ကပြ မိမိကျရာကဏ္ဍ
ကျွန်မ၏သမီး ရိုစီသည် ရပ်ကွက်ထဲရှိ အလယ်တန်းကျောင်း၌ ပြဇာတ် ဒါရိုက်တာအဖြစ် နှစ်အတော် ကြာကြာ တာဝန် ယူခဲ့သည်။ သရုပ်ဆောင် ရွေးပွဲ၌ ကျောင်းသား ကျောင်းသူ အများက ၀င်ရောက် ယှဉ်ပြိုင်ကြသော်လည်း အနည်းငယ်သာ ခေါင်းဆောင်မင်းသား မင်းသမီးအဖြစ် အရွေးခံရ သည်။ သို့သော် ဇာတ်ထုပ်တစ်ခုလုံးအတွက် အရေးကြီးလှသည့် အခန်းကဏ္ဍများ၌ ပါဝင်ရမည့်သူများစွာ ကို ရွေးချယ်ရန် ရှိနေပါသေးသည်။
မီးရောင်အောက်၌ မဟုတ်ဘဲ ပြဇာတ်ထဲ၌ တင်ဆက်ကပြလိုသော အခြားကျောင်းသား လူငယ် များလည်း ရှိပါသည်။ ထိုသူတို့မှာ နောက်ခံ ရှုခင်း ရုပ်ပုံကားချပ်များ ပြောင်းပေးသူ၊ ကုလားကာ အဖွင့် အပိတ် လုပ်သူ၊ မီးအလင်းအမှောင် တာဝန်ယူရသူ၊ မိတ်ကပ်အပြင်အဆင်၊ အ၀တ်အစားများ ကူညီ လဲပေးရသူတို့ဖြစ်၏။ အစမ်းလေ့ကျင့်ချိန်၌ ပီဇာနှင့် ကွတ်ကီးမုန့်လုပ်ပြီး ယူလာပေးသည့် ရပ်မိရပ်ဖများ၊ ပစ္စည်းပစ္စယာ ပေးလှူသူများ၊…
ဒါပေမယ့်လည်း ၀မ်းမြောက်မယ်
လောက၌ ရှင်သန်နေထိုင်ရသည့်ဘ၀က ခက်ခဲနိုင်သည်။ အခက်ကြုံရချိန်၌ ဘုရားသခင် ဘယ်ရောက်နေသလဲဟု ကျွန်ုပ်တို့အများစုက တစ်ချိန်ချိန်တွင် တွေးမိမည်ပင်။ “မတရားမှုက အနိုင်ရ အားသာနေပြီး ဘုရားသခင်က ငြိမ်နေသလိုပဲ”ဟုလည်း ကျွန်ုပ်တို့ တွေးမိသည့်တိုင် အခက် ပြဿနာများကို မည်သို့တုံ့ပြန်မည်ကို ကျွန်ုပ်တို့ ရွေးချယ်နိုင်၏။ ပရောဖက် ဟဗက္ကုတ်၏ စိတ်ထားက အတုယူ လိုက်လျှောက်ထိုက်လှသည်။ အခက်အခဲကြား၌ ၀မ်းမြောက်ရွှင်လန်းရန် သူရွေးချယ်ခဲ့သည်။
ယုဒလူတို့၏ ကိုယ်ကျင့်တရားနှင့် ၀ိညာဉ်ရေးရာကျဆင်းမှု အလျင်အမြန် တိုးပွားလာသည်ကို ဟဗက္ကုတ် တွေ့မြင်ခဲ့ရသည်။ ဤအမှုကြောင့် သူအလွန်ပင် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသည်။ သို့သော် ဘုရားသခင်၏ တုံ့ပြန်ပုံက သူ့ကို ပို၍ပင် စိတ်အနှောင့်အယှက် ဖြစ်စေသည်။ ယုဒပြည်ကို အပြစ်ပေးရန် ဘုရားသခင်က ဆိုးသွမ်းလှသော ဗာဗုလုန်နိုင်ငံကို အသုံးပြုခဲ့သည်။ ဤအမှုကို ဟဗက္ကုတ် အပြည့်အ၀ နားမလည်နိုင်ငြားလည်း ဘုရားသခင်၏ အချုပ်အခြာအာဏာပိုင်မှု၊ ဖြောင့်မတ်ခြင်းနှင့် ဥာဏ်ပညာအပေါ်…
ရွေးချယ်မှုများနှင့် အကျိုးဆက်များ
အင်္ဂလန်နိုင်ငံ၊ လစ်ပါပူးလ်ရှိ International Slavery Museum သို့ သွားကြည့်ပြီး ဆွေစဉ် မျိုးဆက်လိုက်ပြီး ကျွန်ပြုခံရသည့် ယောက်ျား၊ မိန်းမနှင့် ကလေးများတို့၏ တုန်လှုပ် ထိတ်လန့် ရင်နင့်ဖွယ် အခြေအနေကို သိရှိမှတ်သားရသည်။ အခြားသူများ၏ လောဘရမ္မက်ကြောင့် အပြစ်မဲ့သူများ ပေးဆပ်ရသည့် အဖိုးအခမှာ ဆိုးရွားလွန်းလှသည်။ သို့သော် သူတို့၏ပေးဆပ်မှုမှာ အဖိုးအခ သက်သက် မျှသာ မဟုတ်ပါ။ ပြတိုက်၏နံရံပေါ်၌ ကျွန်ဖြစ်ခဲ့သူ၊ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့သူ ဖရက်ဒရစ် ဒေါက်ကလပ်၏ အသိပညာကြွယ်လှသော သုံးသပ်ဝေဖန်ချက်ကို ထွင်းထုထားသည်။ “မိမိ၏လည်ပင်းမှာ သံကြိုးမခတ်ဘဲ အခြားကျွန်ချင်း၏ခြေကျင်းကို ငုံ့ပြီးမခတ်နိုင်ဘူးဆိုတာ နောက်ဆုံးမှာ သဘောပေါက်ရ လိမ့်မယ်”ဟု ဆိုထား၏။ တစ်ပါးသူကို လူမဆန်စွာပြုကျင့်ခြင်းက မိမိကိုယ်ကို လူမဆန်စွာ ပြုမူဆက်ဆံ ခြင်းပင်။
တမန်တော်ကြီး ရှင်ပေါလုကမူ “အလွဲမယူကြနှင့်။ ဘုရားသခင်သည် မထီမဲ့မြင်ပြုခြင်းကို ခံတော်မမူ။ လူသည်…
ပြည့်ဝအကြင်နာနှင့် စောင့်စားနေ၏
ဝန်ထမ်းလျော့ချမှုကြောင့် ရောဂျာ ခမျာ အလုပ်လက်မဲ့ ဖြစ်သွားရသည်။ လအတော်ကြာ အလုပ်ရှာသည်။ အလုပ်လျှောက်သည်။ ဆုတောင်းသည်။ အခြားသူများကိုလည်း ဆုတောင်းခိုင်းသည်။ ဘုရားသခင်ကို ကိုးစားသည်။ ရောဂျာနှင့် ဇနီးဖြစ်သူ ဂျဲရီတို့၏စိတ်ခံစားချက် အမျိုးမျိုးဖြစ်ပေါ်နေသည်။ မမျှော်လင့်သော နည်းများဖြင့် ဘုရားသခင်၏ ပြင်ဆင်ပေးမှု၊ ကျေးဇူးပြုမှုများကို ခံစားရသော်လည်း တစ်ခါတစ်ရံတွင် ဘယ်တော့မှ အလုပ်မရတော့မှာကို ပူပန်စိုးရိမ်နေကြသည်။ ၁၅ လကြာ သူတို့စောင့်ခဲ့ ရသည်။
ထို့နောက် ကုမ္ပဏီတစ်ခု၌ သုံးကြိမ်တိုင်တိုင် လူတွေ့မေးမြန်းခြင်းခံရသည်။ တစ်ပတ် ကြာပြီး နောက် အလုပ်သမားအေဂျင်စီက “ ‘တစ်ခါတစ်ရံမှာ တိမ်တွေမှာ ငွေရောင်အနားသပ်လေးတွေရှိနေ တယ်’ ဆိုတဲ့ စကားပုံကို ကြားဖူးလား။ အခု မင်းအလုပ်ရပြီ”ဟူ၍ ဖုန်းဆက်လာ၏။ “ဒီလိုခက်ခဲပင်ပန်းတဲ့ အတွေ့အကြုံမျိုးကို ဘာနဲ့မှ ပေးဝယ်လို့မရနိုင်ဘူး။ အဲဒီအတွေ့အကြုံက ကျွန်မတို့ အချင်းချင်း စည်းလုံး စေတယ်။ ပြီးတော့…
မှားယွင်းသောကိုးကွယ်မှု
ပြည်သူလူထုကို စိတ်ပျက်အောင် ပြုလုပ်လိုပါက ၄င်းတို့၏စီးပွားရေးကို ကိုင်လှုပ်လိုက်ပါ။
စီးပွားရေးအခြေအနေ မကောင်းလျှင် နိုင်ငံရေးသမားများကို မဲခွဲ၍ ရာထူးမှ ဖယ်ရှားပစ်နိုင်သည်။ လုပ်ငန်းကျဆင်းလာနိုင်သည့် အန္တရာယ်ကြောင့် တမန်တော်ကြီးရှင်ပေါလုလည်း ဧဖက်မြို့မှ နှင်ထုတ်ခံရ လုနီးပါဖြစ်ခဲ့သည်။
အဖြစ်ကတော့ ဤသို့ပါ။ ဧဖက်မြို့သို့ ရှင်ပေါလုရောက်ရှိပြီး စတင်ကာ “ဘုရားသခင်၏နိုင်ငံတော် အကြောင်းများကို ဆွေးနွေးနှီးနှော၍ ဖြားယောင်းသွေးဆောင်”သည် (တ ၁၉း၈)။ နှစ်နှစ်ကျော်ကျော် ဧ၀ံဂေလိတရားကို ဝေမျှခဲ့ရာ သခင် ယေရှု၏ နောက်လိုက်များစွာရှိလာသည်။
စစ်မှန်သော ဘုရားသခင်တစ်ပါးတည်းသာ ရှိကြောင်း လုထုကြီး သိမြင် လာအောင်၊ အောင်မြင်စွာ ရှင်ပေါလု ဟောပြောနိုင်၍ ဧဖက်မြို့သားများသည် သူတို့၏ဒိုင်ယာနာဘုရားမကို ဆက်ပြီး မကိုးကွယ် တော့ပါ။ ဤကား ဘုရားမရုပ်ထုကို ထုလုပ်ရောင်းချပြီး အသက်မွေးရသူ ငွေပန်းထိမ်ဆရာများအတွက် သတင်းဆိုးပေ။ ဒိုင်ယာနာဘုရားမကို လူတို့မယုံကြည်တော့ပါက လုပ်ငန်း လုံးဝရပ်ဆိုင်းသွားတော့မည်။ ဤအခြေအနေကို ရိပ်စားမိလာသောအခါ…
အချိန်တန်ပြီ
ကျွန်မတို့ ဘုရားကျောင်း၌ ခရစ်စမတ် ၀တ်ပြုကိုးကွယ်ခြင်းအစီအစဉ် ကျင်းပနေစဉ် ကွာယာ သံစုံသီချင်းသည်များက ပရိသတ်ရှေ့ စုံရုံးတန်းစီပြီး၊ ဦးဆောင်သူမှာလည်း သီချင်းစာရွက်ကို လှန်လှော နေသည်။ တူရိယာ စတင်တီးမှုတ်သော် “လာကြပါ။ ယခု ကိုးကွယ်ဝတ်ပြုရန် အချိန်တန်ပြီ”ဟု အစချီ သည့် ထင်ရှားသည့် ဓမ္မသီချင်းကို စတင်သီဆိုလိုက်သည်။
ကြားဖူးနေကြ ခရစ်စမတ် ကယ်ရယ်သီချင်း ကြားရမည်ဟု မျှော်လင့်ထားသော်လည်း ဆီလျော် ကိုက်ညီသည့် ဓမ္မတေးသီချင်းကို ရွေးထားတာပဲဟု ကျွန်မ ပြုံးမိသည်။ ထိုသီတင်းပတ် အစောပိုင်းက ရှင်လုကာ ခရစ်ဝင်ကျမ်း၌ ခရစ်တော်ဖွားမြင်ခြင်းအကြောင်းကို ဖတ်ရှုခဲ့သည်။ ပထမဦးဆုံးသော ခရစ် စမတ်၊ ခရစ်တော်မွေးဖွားချိန်၌ ယခုခေတ်ကဲ့သို့ ပါတီပွဲများ၊ လက်ဆောင်များနှင့် စားသောက်ပွဲများ မရှိပါ။ သို့သော် ၀တ်ပြုကိုးကွယ်ခြင်းက အမှန်တကယ် ပါဝင်ခဲ့သည်။
မျက်လုံးအပြူးသားနှင့် သိုးကျောင်းသားများကို သခင်ယေရှု ဖွားမြင်ကြောင်း ကောင်းကင် တမန်က…
အို သေခြင်းတန်ခိုး ပျက်ပြီ
ကင်ဆာရောဂါ အတွက် ကုထုံး၊ အင်ဇိုင်မား သတိမေ့ရောဂါ၏ လျှို့ဝှက်ဆန်းကြယ်မှုကို ခြေရာ ခံနိုင်ရန်၊ ကိုယ်ခန္ဓာကို အင်အား ယုတ်လျော့ ချိနဲ့စေသည့် အခြားခြားသော ရောဂါများကို အနိုင်ရမည့် နည်းလမ်း စသည်တို့ကို တွေ့ရှိရန် ဆေးသုတေသီများက မမောနိုင် မပန်းနိုင် ကြိုးစား လုပ်ဆောင် နေကြသည်။ သို့သော် “ပျက်စီးလေပြီ အိုသေမင်း” ဆိုသည့် ခေါင်းစီးသတင်းကို တွေ့လိုက်ရပါက သင်မည်သို့ ဖြစ်သွားမည်နည်း။ သင်ယုံမည်လား။ သင်ယုံကြည်နိုင်ပါမည်လား။
ဓမ္မသစ်ကျမ်းစာက ခရစ်တော်သည် ယုံကြည်သူများအတွက် သေခြင်းတန်ခိုး ပျက်စီးပြီ။ ယင်း၌ အစွမ်း တန်ခိုးလုံးဝမရှိတော့ပြီ၊ တစ်ချိန်က သေခြင်း၌ ချည်နှောင်သည့်အမှုကို မစွမ်းဆောင်နိုင်ပြီဟု အတိအလင်းဆိုထားသည်။ “ဤပုပ်တတ်သောအရာသည် မပုပ်နိုင်သော အဖြစ်သို့၎င်း၊ ဤသေတတ် သောအရာသည် မသေနိုင်သော အဖြစ်သို့၎င်း ၀င်စားသောအခါ ‘သေခြင်းသည် အောင်ခြင်း၌နစ်မြုပ်ပြီ’ ဟု ကျမ်းစာ၌လာချက် ပြည့်စုံလိမ့်မည်”…